Charice (ခေါ်) အပြည့်အစုံကတော့ Charice Pempengco ပါ Manila တောင်ဖက်က San Pedro လို့ခေါ်တဲ့ မြို့ငယ်လေးကပါ၊ သူ့အဖေကတော့ ဖိလစ်ပိုင် ဆူပူအကြမ်းဖက်မှု တခုမှာ ကွယ်လွန်ခဲ့ရတယ်လို့ သိရပါတယ် အမေဖြစ်သူ ရဲ့သွန်သင်မှုနဲ့အတူ ကြီးပြင်းလာကာ၊ ၁၉၉၂ ခုနှစ်ဖွားဖြစ်တယ်လို့ ဆိုပါတယ်၊ အခုဆို ၁၈ ဝန်းကျင် ဆယ်ကျော်သက်ပေါ့ အမေနဲ့ အဒေါ်ဖြစ်သူရဲ့ သင်ပြမှုနဲ့အတူ Charice ဟာ ၄ နှစ်သမီးမှာ သီချင်း စဆိုနေပါပြီ၊ ၂၀၀၅ ခုနှစ်ရောက်တော့ ကမ္ဘာကျော် သီချင်းဆို ပြိုင်ပွဲ ဖြစ်တဲ့ Little Big Star မှာ တတိယ ဆုရခဲ့တယ်၊ ဒီလိုနဲ့ သူမ ၂၀၀၇ ခုနှစ် မှာ သူဆိုတဲ့ သီချင်းတွေကို youtube ကနေ လွှင့်တင်လိုက်ရာ မီလျံနဲ့ချီသော နားဆင်သူတွေ ရဲ့ တုန့်ပြန်မှုကို ရရှိခဲ့တယ်၊ အကွက်မြင်တဲ့ တောင်ကိုရီးယား နိုင်ငံက Star King အစီစဉ်ကနေ ခေါ်ယူစီစဉ် တင်ဆက်လိုက်ချိန်မှာ နိုင်ငံတကာက သတိထားမိလာကြတယ်လို့ဆိုတယ်။ ဖိလစ်ပိုင်မှာ သာမန် ဇနပုဒ်ကနေ ကမ္ဘာ့ လူဂုဏ်တန်တွေ ၊ နန်းတော်တွေ သမ္မတ ဧည့်ခန်းတွေ အထိ ရောက်ရှိလာပြီး၊ အမေရိကန် သမ္မတ ဘားရက် အိုဘားမား သမ္မတ ရာထူးလက်ခံ အပ်နှံပွဲမှာ ဖိတ်ကြား သီဆိုခွင့်ရလောက်တဲ့ အနေအထား အထိ ဖြစ်လာခဲ့ရတဲ့ အရှေ့တောင်အာရှသူလေးပါ
No comments:
Post a Comment