မုတ်သုံလေ

ငါမလိုချင်ဆုံး မင်းရဲ့ အမုန်းနဲ့
ရိသဲ့သဲ့ အပြုံးနုလေးတွေအတွက်
တစ်နေ့မှာကျဆုံးပါစေ လို့ မဆိုရက်ပါဘူး
မင်းအတွက်ပါလေ
ရှုံးနိမ့်သူအတွက် ရင်ကျိုးအောင်
အလဲထိုးမယ်ဆိုလဲ မတားရက်ပါဘူး
အသဲနှလုံးက မင်းအတွက် စတေးပြီးသားမို့
မင်းသဘောပါလေ
ဝေဒနာကို အဖြေရှာဖို့အတွက် မကြေငြာချင်ပါဘူး
အမုန်းခွန်အားပေးသနားပါလို့ မတောင်းဆိုပေမယ့်
ဝေဒနာကို ဖြေသာစေဖို့
တိတ်တိတ်လေး ထွက်သွားစေချင်တယ်ကွယ်...

မလိုချင်တဲ့ အဆုံးသတ်

တိမ်ညိုညိုတွေ မော့ကြည့်ရင်း
မင်းနာမည်ကို တိုးတိုးလေးရွတ်ဆိုမိတယ်
တနေ့နေ့ဆိုတဲ့ မျှော်လင့်ချက်ကို
ရင်မှာပိုက် ရူးမိုက်စွာနဲ့ စောင့်နေမိတယ်
ငါ့အမှားမဟုတ်တဲ့ ချစ်ခြင်းတွေ
အလွမ်းတွေနဲ့ ညစ်ထေးကုန်ပြီ
ချစ်တယ်နဲ့ လွမ်းတယ်
ဆိုတဲ့စကားနှစ်ခွန်းရဲ့ နောက်ကွယ်မှာ
ငါ့ဘဝတစ်ခုလုံးကို မြှုပ်နှံပစ်ခဲ့တယ်
ချစ်သူရေ...
မင်းများထားခဲ့ရင်လေ
မသေမရှင်ဘဝနဲ့
အသည်းကွဲလို့ ငါငိုနေလည်း
ကမ္ဘာကြီးကတော့ လည်ပတ်မှာပါပဲ ...

ချစ်သူရေ

ကိုယ်ကမင်းရဲ့နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့်တိမ်ဆိုင်လေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့ လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်ပွင့်လေးတော့ဖြစ်ပါရစေ။
မင်းဘေးမှအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ ဖြစ်ပါရစေ။
တောတောင်ကန္တာရမှာ မင်းသာရေကန်ဖြစ်ခဲ့ရင်
နှစ်ဖြာသင့်တင့်ဖို့ ကြာပန်းလေးတစ်ပွင့်ဖြစ်ပါရစေ...
                                                                                              mon

ရင်ဖွင့်သံ

မင်းနောက်မှာ ခဏလောက်
ပုန်းနေပါရစေ
လောကဓံကို ကြောက်လို့ပါ
မင်းနားမှာ ခဏလောက်
မှီနေပါရစေ
ငါဖြတ်သန်းရတဲ့ဘဝက ပင်းပန်းလို့ပါ
ချစ်သူ... တွဲလက်မဖြုတ်လိုက်ပါနဲ့
ငါ့အတွက် ကမ္ဘာပျက်မယ့်နေ့ဖြစ်လို့ပါ 
နေလာရင် အရည်ပျော်မယ့်နှင်းဟာ
ငါ့ရဲ့ချစ်ခြင်းမဟုတ်ပါဘူး
ဘဝခြားသွားရင်တောင် 
တည်ရှိနေယ့် အဖြစ်ပျက်တစ်ခုပါ
ချစ်သူရေ... အခုတော့လဲ
လွမ်းရလွန်းလို့ မသေရုံတမယ်ပါပဲကွာ....

မိဘကျေးဇူး


မိကိုညာက ဖ ကို လက်ဝဲ ကိုင်စွဲချီလျှက်

ပခုံးထက်ဝယ် အသက်ဆုံးအောင် မြတ်နိုးဆောင်၍


အခေါင်အဖြား လုပ်ကျွေးငြားလည်း


မွေးဖွားပိုက်ကျူး ရှေးတင်ဖူးသည်


ကျေးဇူးလှယ်ပြိုင် မဆပ်နိုင်ခဲ့
...။

တမ်းတခြင်း


တမ်းတမ်းတတ လွမ်းရပါလည်း

တနယ်ဆီဝေးကွာ ရှိနေတာကြောင့်

ဆုံတွေ့မယ့်နေ့ထိုတနေ့ကို

ရမ်းရော်တမ်းတမှန်းမျှော်ဆရင်း

လွမ်းသည့်စိတ်ကို

မျိုသိတ်မည်။

မွေးနေ့ဆုတောင်း


ဧပရယ် လ ၂၆ ရက် ဒီနေ့ ကျရောက်သော အကိုကြီး ကိုကျော်မင်းသိမ်းရဲ့ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်ပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေလို့ САУ မှ ညီလေးများက မွေးနေ့ဆုမွန်ကောင်း တောင်းပေးပါတယ်။

ချစ်သူငယ်ချင်းများနဲ့...

ကျွန်တော်တို့ချစ်သူနှစ်ယောက်အတွက် ဧပရယ် ၂၆ ရက်နေ့(ဒီနေ့)မှာကျရောက်တဲ့ သုံးနှစ်ပြည့် ချစ်သူနှစ်ပတ်လည် နေ့မှာ စ၍ ဒီ ဝက်ဆိုဒ်လေးကို အမှတ်တရလုပ်ခြင်းဖြစ်ပါတယ် လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ် ။ သီချင်းများ ကဗျာများ ကိုလဲ အချိန်ရတဲ့အခါ တင်ပေးသွားမှာပါ အားပေးကြပါအုံး

FOR YOU

Поздравляю с Новым годом

Пусть Тинджан принесет только счастливые перемены ,

а вода смоет все невзгоды и неприятности старого года ,

a Король Ангелов Таджармин занесет вас в свою книгу

Добрых дел в золотом переплете .