ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက် ရွေးချယ်သတ်မှတ် လိုက်တယ်။ ကောင်လေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။ ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက တခြား ကောင်လေးတစ်ယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ် ဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။ သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲဒီသတင်းကိုကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက် ၀မ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင် ငိုကြွေးနေတော့တယ်။ မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်း ကိုယ်ကြေပြီး အိပ်ယာထဲလဲတော့တယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ ဆရာဝန်ပြလည်း မသက်သာတော့ဘူး။
ဘကြီးအောင် ညာတယ်
“အရှေ့ကျောင်းသား သူတောင်းစား။ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မဲသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ဝါး” ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစုသည်ကား လည်ပေါ်ဘုန်းကြီး ကျောင်းသားကလေးများ ဖြစ်ကြ၏။ ၎င်းတို့ ကျောဖက် တင်းချ လယ်တကွက်လောက် အကွာတွင် ချည်လုံချည်ကို ပျာတာကွင်းသိုင်းလျက် သင်တိုင်း အင်္ကျီကို ရော့ရိရော့ရဲ ဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တလှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံမေသုတံ ဧကံ သမယံ” ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတအိုး ကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနဖျင်းတဲ၌ ကျောင်းသား သူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင် ကြည့်ရှုလေ၏။
လမ်းကြားသရဲ
လွန်ခဲ့တဲ့(၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံတစ်ခုရဲ့ မြို့အစွန်အဖျားနားမှာ တရားမ၀င်နေထိုင်ပြီး တရုတ်သင်္ချိုင်းကုန်းမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား/အလုပ်သမား အုပ်စုတစ်စု ရှိခဲ့ဖူးပါတယ်။သူတို့က တရုတ်သင်္ချိုင်းရှိအုတ်ဂူတွေ ဆေးသုတ်တာတို့ ၊ မြက်ခင်းတွေပြုပြင်တာ တို့ ၊ပန်းပင်တွေ အလှအပမွမ်းမံတာတို့ လုပ်ရပါတယ်။
တနေ့ကျတော့ အလုပ်သမားတစ်ယောက်က သင်္ချိုင်းရှိအုတ်ဂူတစ်ခုရဲ့ အပေါ်မှာ ကလေးကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကိုတွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး… လေးရက် ကြာတော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထားတဲ့ ကစားစရာ မော်တော်ကားလေး ပျောက်သွားကြောင်း တရုတ်သင်္ချိုင်း ပြုပြင်ရေး ကန်ထရိုက်ဆွဲထားတဲ့ တရုတ်သူဋ္ဌေးကို တိုင်ကြားပါတော့တယ်။ ဒါနဲ့ တရုတ်သူဋ္ဌေးလည်း ဒေါပွပြီး မြန်မာ အလုပ်သမား အားလုံးကို နှစ်ပတ်တိတိ အလုပ်မဆင်းဖို့ အပြစ်ပေးပါတော့တယ်။
Subscribe to:
Posts (Atom)
