မမေ့စေချင်ပါ

တစ်နေကွယ် သေနယ်သို့ တစ်ခါကူး 
မေ့လျော့ကာ သေဘူးထင်ပါနဲ့
  နေကွယ်တာ အကြိမ်များရင်ဖြင့် 
သေနယ်ရွာတစ်ကြိမ်သွားရမယ် အိုကွယ် .... တားမရဘူး
ဒီစာလေးကိုတွေ့မိလို့ ဒီလိုလေး တွေးမိတွေးရာကနေ ရေးမိရေးရာ ရေးလိုက်မိတာပါ “သိပ္ပံပညာတွေ ထွန်းကားလာပြီး  လူတွေမသေတဲ့ဆေးတွေ တစ်နေ့မှာဖြစ်လာနိုင်တယ်” ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ပြောတာကို ပြန်သတိရမိတယ်... ရာစုနှစ် ထောင်စုနှစ်တွေဟာ စက္ကန့်လေးတွေနဲ့ ဖွဲ့စည်းထားခြင်းပါ။ တစ်စက္ကန့်ရွေ့လိုက်တိုင်းဟာ သေရွာကို ခြေလှန်းနေခြင်းပင် ။ သက်ရှိသတ္တဝါ အားလုံးဟာ အမိဝမ်းမှ တစ်ဘဝ တစ်သက်တာအတွက် ဗီဇာနှင့်တကွ ရောက်ရှိလာခြင်းပဲ မဟုတ်ပါလား ။ ဆေးရုံတစ်ခုနှင့် တူသော အိမ်မှာ ပတ်တီးနှင့်တူသော အဝတ်များကိုဝတ်၍ ဆေးနှင့်တူသော အစာများကိုစားကာ ဗီဇာသက်တမ်း ကုန်မယ့်အချိန်ကို စောင့်စားနေခြင်းပင် မဟုတ်ပါလား။ အဖြစ်ရှိရင် အပျက်ရှိမယ်ဆိုတာကို လူသားတိုင်း လက်ခံနိုင်ပါတယ်။  ဖြစ်လိုက်ပျက်လိုက် မြန်လွန်းနေလျှင် အပျက် ကိုမမြင်နိုင်ပါဘူး သေချာ စဉ်းစားကြည့်မယ်ဆိုရင်ဖြင့် သိနိုင်ပါတယ် ဥပမာ လျှပ်စစ်မီးလုံးတစ်လုံးကို ကြည့်ပါ အဖြစ်အပျက် မြန်လွန်းနေတာကြောင့် မီးလုံးလေး လင်းနေတယ်လို့မြင်ရမယ်။ ရခဲလှတိုတောင်းလှတဲ့ ဘဝတစ်ခဏတာမှာ  အာဃာတတွေ အငြိုးအတေးတွေဖွဲ့ပြီး မကောင်းတဲ့ ရိက္ခာတွေ နောက်ဘဝ အတွက် မယူစေချင်ပါဘူး အငြိုးတေး အာဃာတတွေ လျော့နိုင်ဖို့ ညအိပ်ယာဝင်တိုင်း “တစ်နေ့မှာ ငါသေရအုံးမှာပါလား ၊ ငါနောက်ဘဝအတွက် ဘာတွေ ပြင်ဆင်ပြီးပြီလည်းလို့” တစ်ရက်တခါ တွေးကြည့် စေချင်ပါတယ်။

2 comments: