အကြောင်းရှိလို့ ဖြစ်တာ

ပခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိတဲ့သူခြင်း တူကြပေမယ့် မတူညီတဲ့ အကြောင်းတရားတွေကြောင့် လက်ရှိဘဝမှာ အကျိုးတရားတွေ မတူကြပါဘူး အဲဒါကြောင့်လူ့ဘဝ လူ့လောက မှာ လောတဲ့သူတွေက လောနေပြီး က တဲ့သူတွေက က နေကြတာပေါ့။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့ဘဝမှာ ကိုယ်မဖြစ်ချင်တာတွေလဲ ကြုံကြရတာပါပဲ ပစ္စည်းဥစ္စာ မရှိတဲ့သူကြတော့လဲ မရှိလို့ စိုးရိမ်ပူပန်ကြရတယ် ရှိတဲ့သူကြတော့လဲ ရှိလို့ ပူပန်ကြရတယ် အားလုံး အပူပင်နဲ့ မကင်းကြပါဘူး ။ ခန္ဓာကိုယ်ရနေသ၍ ဘဝ ဆိုတာရှိနေသ၍တော့ စိုးရိမ်ပူပန်မှုတွေ ဒုက္ခတွေရဲ့ ဘေးမှ ပြေးလို့မလွတ်ကြောင်းပါ ။
“သင်သည် ဘဝရှေ့ ရေးတွေးပါသလား ဘဝရလျှင် ဒုက္ခဘေးမှမလွတ် ဘဝမရမှ ဒုက္ခဘေးမှ လွတ်မည်” ဆိုတဲ့ စာလေးကို ငယ်ငယ်က ဖတ်ဖူးခဲ့ပေမယ့် ဘာအဓိပ္ပါယ်ဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး ကျွန်တော် ဒုက္ခတွေ ပူပန်မှုတွေ ဘေးကနေလွတ်အောင် ရုန်းထွက်ချင်လာခဲ့တယ်။ အဲဒီအတွက် ဘာလုပ်ရမလဲလို့ စဉ်းစားတော့ ဘဝမရအောင် လုပ်ရတော့မယ်လေ...ဘဝမရနိုင်တဲ့နေရာက နိဗ္ဗာန်ပဲရှိတာကို သိခဲ့ရပြီ ဘဝမရနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေရင်းနဲ့ .....ဘဝမရနိုင်ဖို့ဆိုတာက ကျွန်တော်တို့လို ပုထုစဉ်လူသား တစ်ယောက်အနေနဲ့ အရမ်း ခက်ခဲလှပါတယ် နောက်ဘဝ ပေါင်းများစွာ သံသရာဂယက်ထဲမှာ လည်ရအုံးမယ် ဆိုတာကိုလဲ သိလာခဲ့တယ် အခုဘဝမှာ ဖြစ်တည်နေတဲ့ ကောင်းတာဆိုးတာတွေဟာ အတိတ်က အကြောင်းတွေကြောင့် အခု လက်ရှိမှာ အကျိုးပေးနေတာကို စဉ်းစားမိပါပြီ။ ဖြစ်ပြီးလုပ်ပြီးခဲ့တဲ့ အတိတ်က အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို ဘယ်လိုခုခံရမလဲလို့ အဖြေရှာကြည့်တော့.....ဗုဒ္ဓဘုရား ဟောထားခဲ့တဲ့ မင်္ဂလာ တရားတော်တွေထဲက “သန္တုဋ္ဌိစ မင်္ဂလာ” ပစ္စည်း ဥစ္စာ အခြွေရံ အသင်းပင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရောင့်ရဲတင်းတိမ်နေနိုင်ကြမှ ချမ်းသာရမယ် ဆိုတာကို သိလာတယ် အဲဒါကြောင့် ကိုယ့်ရဲ့ လက်ရှိဘဝမှာ ဖြစ်လာတာ ၊ ရလာတာနဲ့ရောင့်ရဲနိုင်ရမယ် မရောင့်ရဲ မတင်းတိမ်နိုင်ပဲ မောဟပိတ်ဖုန်း အမိုက်မှောင်ကျနေခဲ့ရင်တော့ ချမ်းသာလမ်းစ ပျောက်ကွယ်မှာအမှန်ပါပဲ အားလုံး ရောင့်ရဲတင်းတိမ်နိုင်ပြီး ချမ်းသာလမ်းစကို ရှာဖွေတွေ့ရှိနိုင်ပါစေ...လို့။

1 comment:

  1. နိဗ္ဗာန်ဆိုတာလူတိုင်းရောက်ချင်တဲ့နေရာပါ...

    လူတိုင်းရောက်အောင်မကျင့်ကြံနိုင်တာလဲနိဗ္ဗာန်ပါဘဲ...ကိုစိုး

    ReplyDelete