ရှေးရေစက်

ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက် ရွေးချယ်သတ်မှတ် လိုက်တယ်။ ကောင်လေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။ ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက တခြား ကောင်လေးတစ်ယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ် ဆိုတဲ့သတင်းကို   ကြားလိုက်ရတယ်။ သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲဒီသတင်းကိုကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက် ၀မ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင် ငိုကြွေးနေတော့တယ်။ မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်း ကိုယ်ကြေပြီး အိပ်ယာထဲလဲတော့တယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ  ကောင်လေးရဲ့အခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ ဆရာဝန်ပြလည်း မသက်သာတော့ဘူး။

တစ်နေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။ အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီး တံခါးဖွင့် လိုက် တော့  ဘုန်းတော်ကြီးကပြုံးပြီးတော့…..
အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကို“ကိုယ်တော်က ဆွမ်းခံကြွလာတာမဟုတ်ပါဘူး.. ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်။ ပြန်ပြောကြည့်ပါမယ် ဆိုတဲ့ အကြောင်း ပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ်အရေတင် ပိန်လှီစွာနဲ့ နွမ်းနယ်နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကို တွေ့လိုက်ရတယ်။ အိမ်ဖော် မိန်းကလေး လည်း  ဘုန်းတော်ကြီးအတွက် သောက်တော်ရေ တစ်ခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။

ဘုန်းတော်ကြီးကလည်း အခြေအနေကြည့်ပြီးတော့ “တော်တော်အခြေအနေ ဆိုးနေတာပဲ”လို့ ရေရွတ်လိုက် တယ်။ လူမမာ ကောင်လေးကလည်း စိတ်နဲ့ကိုယ်နဲ့ မကပ်စွာနဲ့ပဲ ဘာမှမကြားသလို တိတ်ဆိတ် ငြိမ်သက်စွာ နေနေတယ်။ ဘုန်းတော်ကြီးလည်း သူလုပ်သင့်တာတွေ လုပ်ပြီးတော့…"ဒကာလေးက တော်တော် သနားစရာကောင်းတယ် မယုံရင် မှန်ထဲကိုကြည့်လိုက်စမ်းပါ" လို့မိန့်တော်မူပြီး ကောင်လေး အိပ်ခန်းထဲက ကိုယ်လုံးပေါ် မှန်တစ်ချပ်ဆီကို ညွှန်ပြလိုက်တယ်။ ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင် နေနေရာကနေ တစ်ချက် မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ မှန်ထဲမှာ သူ့ချစ်သူ ကောင်မလေး  ပုံကိုတွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေးပုံရိပ်ကေ၀၀ါး ပျောက်ကွယ် သွားပြီး ပင်လယ်ကမ်းခြေ တခုပုံပြောင်းလဲသွားတယ်။ အဲ့ဒီပင်လယ်ကမ်းခြေဟာ တိတ်ဆိတ် ငြိမ်သက် နေပြီး  လူအသွားအလာမရှိဘူး။

လူမမာကောင်လေးက မှန်ထဲကပုံရိပ်ကို စိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေး အလောင်း တစ်လောင်း  ဟာ လဲလျောင်းနေတဲ့ အနေအထားနဲ့ ကမ်းခြေမှာရှိနေတာကို မြင်လိုက်ရတယ်။ ခဏကြာတော့ လူတစ်ယောက် ဖြတ်လျှောက်လာတယ်။ သူကအလောင်းကို ရွံရှာစွာကြည့်ပြီး လျင်မြန်စွာ ဖြတ်လျှောက်သွားတယ်။ အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲဒီ ကောင်မလေး အလောင်းကိုတွေ့သွားပြန်တယ်။ ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကို ချွတ်လို့ခြုံပေးပြီး ခရီးဆက်ထွက်သွားတယ်။

ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးကဒီလိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက် ရောက်လာပြန်တယ်။  ဒီလူကအပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ပုံစံကို စိတ်ဝင်စားပြီးခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေး အလောင်းကို တွေ့သွားပြီးအရမ်းသနားစိတ် ၀င်လာကာ မြေမြှုပ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြုဖို့ သူဆုံးဖြတ်လိုက်တယ်။ လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့ မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာ လိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေးအလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ ပြီးသွား တယ်။ အဲ့ဒီလူလည်း မိန်းကလေးအလောင်းကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့ပြီး ခရီးကို ဆက်ထွက်ခွာသွား တယ်။ အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီး အဲဒီမျက်နှာကနေ သူ့ချစ်သူကောင်မလေးရဲ့ မျက်နှာကို ပြောင်းသွားခဲ့တယ်။ လူမမာကောင်လေးလည်း အလွန်အမင်း အံ့သြနေစဉ်မှာပဲ မြေမြှုပ်ပေးတဲ့လူရွယ်ရဲ့ မျက်နှာပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့မျက်နှာအဖြစ် ပြောင်းသွားပြန်တယ်။ အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်။ ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်။

“ခုဆိုရင်ဒကာလေးလည်း သဘောပေါက်လောက်ပြီထင်တယ်။ အဲဒီမိန်းကလေး အလောင်းက ဒကာလေးရဲ့ ချစ်သူမိန်းကလေး ဖြစ်တယ်။ ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြှုပ်ပေးတဲ့ ကုသိုလ်ကံရေစက်ကြောင့် အဲဒီလူငယ်ဟာဒီဘ၀မှာ ကောင်မလေးနဲ့ လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်။ ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘ၀မှာသူမနဲ့ သုံးနှစ်တာ ချစ်ခင်ခွင့် ရခဲ့တယ်။ အခု သုံးနှစ်ပြည့်လို့ ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”

ဘုန်းတော်ကြီးရဲ့ စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး နားလည် သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာ ကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီး လောကီကိုစွန့်လို့ သင်္ကန်းဝတ်သွားတော့တယ်။ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ..

ဆိုလိုချင်တာကတော့ ကျွန်တော်တို့လူသားတွေအချင်းချင်း ဒီဘ၀မှာ အဖေ၊ အမေ၊ဆွေမျိုးညီအစ်ကို မောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ရန်သူအဖြစ်နဲ့ တွေ့ဆုံတော်စပ် ပတ်သက်ခွင့် ရကြတာဟာ အမှုမဲ့အမှတ်မဲ့ မဟုတ်ပါဘူး။ ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးကြ ချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။အဲလိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲ သေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ။အဲ့ဒါကြောင့် အခုမခွဲခွာရခင်အချိန်လေးမှာ မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာ တတ်နိုင်သလောက် စိတ်ချမ်းသာမှုတွေ။မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာ ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်။

email မှရလာသော ပုံပြင်လေးပါ
မူရင်းပိုင်ရှင်နှင့်အတူ အားလုံးသော ချစ်မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ... လို့
SoeAprilMon

4 comments:

  1. ရေစက်ဆုံလို့  စာဖတ်သွားတယ်...

    ReplyDelete
  2. ကောင်းလိုက်တဲ့မက်ဆေ့လေးနော်

    ReplyDelete
  3. နာရေးအသင်း ကိုခေါ်ပေးရင်ကော ပေါင်းရမှာပဲလား...

    ReplyDelete
  4. နာရေးအသင်ကိုခေါ်ပေးရင်ဦးကျော်သူနဲ့ရသွားမှာပေါ့ ဟီးးး

    ReplyDelete