မုတ်သုံလေ

ငါမလိုချင်ဆုံး မင်းရဲ့ အမုန်းနဲ့
ရိသဲ့သဲ့ အပြုံးနုလေးတွေအတွက်
တစ်နေ့မှာကျဆုံးပါစေ လို့ မဆိုရက်ပါဘူး
မင်းအတွက်ပါလေ
ရှုံးနိမ့်သူအတွက် ရင်ကျိုးအောင်
အလဲထိုးမယ်ဆိုလဲ မတားရက်ပါဘူး
အသဲနှလုံးက မင်းအတွက် စတေးပြီးသားမို့
မင်းသဘောပါလေ
ဝေဒနာကို အဖြေရှာဖို့အတွက် မကြေငြာချင်ပါဘူး
အမုန်းခွန်အားပေးသနားပါလို့ မတောင်းဆိုပေမယ့်
ဝေဒနာကို ဖြေသာစေဖို့
တိတ်တိတ်လေး ထွက်သွားစေချင်တယ်ကွယ်...

1 comment:

  1. တိတ်တိတ်လေးထွက်သွားပေမဲ့လည်း

    ခြေရာတွေကတော့ကျန်ခဲ့မယ်ထင်တယ်...

    ReplyDelete