ရင်ဖွင့်သံ

မင်းနောက်မှာ ခဏလောက်
ပုန်းနေပါရစေ
လောကဓံကို ကြောက်လို့ပါ
မင်းနားမှာ ခဏလောက်
မှီနေပါရစေ
ငါဖြတ်သန်းရတဲ့ဘဝက ပင်းပန်းလို့ပါ
ချစ်သူ... တွဲလက်မဖြုတ်လိုက်ပါနဲ့
ငါ့အတွက် ကမ္ဘာပျက်မယ့်နေ့ဖြစ်လို့ပါ 
နေလာရင် အရည်ပျော်မယ့်နှင်းဟာ
ငါ့ရဲ့ချစ်ခြင်းမဟုတ်ပါဘူး
ဘဝခြားသွားရင်တောင် 
တည်ရှိနေယ့် အဖြစ်ပျက်တစ်ခုပါ
ချစ်သူရေ... အခုတော့လဲ
လွမ်းရလွန်းလို့ မသေရုံတမယ်ပါပဲကွာ....

No comments:

Post a Comment