မလိုချင်တဲ့ အဆုံးသတ်

တိမ်ညိုညိုတွေ မော့ကြည့်ရင်း
မင်းနာမည်ကို တိုးတိုးလေးရွတ်ဆိုမိတယ်
တနေ့နေ့ဆိုတဲ့ မျှော်လင့်ချက်ကို
ရင်မှာပိုက် ရူးမိုက်စွာနဲ့ စောင့်နေမိတယ်
ငါ့အမှားမဟုတ်တဲ့ ချစ်ခြင်းတွေ
အလွမ်းတွေနဲ့ ညစ်ထေးကုန်ပြီ
ချစ်တယ်နဲ့ လွမ်းတယ်
ဆိုတဲ့စကားနှစ်ခွန်းရဲ့ နောက်ကွယ်မှာ
ငါ့ဘဝတစ်ခုလုံးကို မြှုပ်နှံပစ်ခဲ့တယ်
ချစ်သူရေ...
မင်းများထားခဲ့ရင်လေ
မသေမရှင်ဘဝနဲ့
အသည်းကွဲလို့ ငါငိုနေလည်း
ကမ္ဘာကြီးကတော့ လည်ပတ်မှာပါပဲ ...

No comments:

Post a Comment