ဗိုလ်ကြီး အောင်စစ်သည် သို့ (အပိုင်း ၂)

    ဗိုလ်ကြီးဖြစ်ပြီဆိုတော့ တာဝန်နဲ့ ၀တ္တရားကို ပိုပြီး ထမ်းဆောင်ရတော့မှာပေါ့ကွာ။ တပ်မှာဆိုရင်လည်း ပိုပြီး တာဝန်ကြီးလာပြီလေ။ အကိုလည်း ဗိုလ်ကြီးအဖြစ် ဒိထက်ပိုပြီးအဆင့်မြင့်တာဝန်တွေ ထမ်းဆောင် တော့မယ့်ညီလေးကို တွေးမိတာလေးတွေ ရေးပေးလိုက်တယ်။ ညီလေးဘ၀အတွက် တစ်ဖက်တစ် လမ်းကနေ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆတာနဲ့ပေါ့။ အကိုတို့ကို နောင်တော်ဆရာတွေ၊ နောင်တော်အကိုကြီး တွေက လက်ဆင့်ကမ်းတာဝန်ကျေပွန်စွာ ဆုံးမစကားတွေနဲ့ သွန်သင်ခဲ့သလို အကိုတို့အလှည့်ရောက်တော့ လည်း ညီလေးတို့ကို လက်ဆင့်ကမ်း ဆုံးမစကားလေးတွေပါ ပြောလိုက်တယ် ညီလေးရေ။ အပတ်စဉ် ၅၂ တွေ ကျောင်းဆင်းတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကျောင်းဆင်းမိန့်ခွန်းကို သေချာဖတ်ကြည့်မိရင်… အခု အကိုပြောမယ့် အကြောင်းတွေကို ညီလေး တကယ်ဟုတ်တယ်၊ တကယ်အရေးကြီးပါလားဆိုပြီး ခံစားမိလိမ့်မယ်ကွ။

    အကိုတို့ ဗိုလ်လောင်းဘ၀ကတည်းကသင်ရတယ်၊ အကြိမ်ကြိမ်အခါခါလည်း ကြားဖူးတဲ့ မြင် ၄မြင် ကို အကို ရုရှားရောက်မှ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စဉ်းစားမိတာလေး  ညီလေးကိုပြောပြမယ်။ ညီလေးလည်း သိပြီးသား မြင် ၄မြင်က နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်နဲ့ အုပ်ချုပ်ရေး အမြင် ဆိုတာပဲ။ ဒီ ၄ခုကလည်း တစ်ခုနဲ့တစ်ခု တော်တော်ဆက်စပ်နေပါတယ်။ ဒီ၎မြင်ကိုလေ အကိုခွဲပြီးစဉ်းစားမိ သေးတယ်။ တစ်ခုအကြောင်းကိုစဉ်းစားမိရင် နောက်တစ်ခုအကြောင်းကလည်း အော်တို ထည့်ပြီး မစဉ်းစားလို့ မရပဲနဲ့ကို ပါပါလာတယ်။ အကိုတို့က စစ်သားဆိုတော့ စစ်ရေးအမြင်ကို အရင်စဉ်းစားမိတယ်။ စာအုပ်တွေထဲ မှာလည်း ပါပြီးသားပါ။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်အနွယ်တစ်ခုဖြစ်ပြီး နိုင်ငံရေးနဲ့ ဖြေရှင်းလို့ မရတာကို စစ်ရေးနည်းနဲ့ ဖြေရှင်းကြခြင်းဆိုတာကိုလေ။ အံမယ် အကိုပြောတာ ကြီးကျယ်လှချည့်လားလို့တော့ မပြောပါနဲ့ ကွာ။ အကိုက ရုရှားမှာ စာသင်နေပေမဲ့ ငါဟာစစ်သားဆိုတာ မမေ့သလို ၀ါသနာအရ စစ်ဘက်စာအုပ်လေးတွေ နဲ့ ဂျာနယ်တွေမှာပါတဲ့ စစ်ဘက်ဆိုင်ရာ ဆောင်းပါးလေးတွေကို သေချာဖတ်ဖြစ်လို့လေ။ ညီလေးလည်းအမြင်ပဲ အမေရိကန်က အီရတ်ကိုကျူးကျော်တိုက်ခိုက် သိမ်းပိုက်ထားတဲ့သတင်းတွေ၊ အာဖဂန်နစ္စတန်ကို အမေရိကန် ဦးဆောင်တဲ့ နေတိုးတပ်ဖွဲတွေ မဟာဗျူဟာအရ အရေးပါလို့ တပ်စွဲသိမ်းပိုက်ထားတာတွေ ကြားနေ မြင်နေ တွေ့နေရတာပဲလေ။ ဒါတောင် သတင်းထဲ၊ စာတွေထဲမှာ မပါတာတွေ၊ အကိုတို့ မသိတာတွေ အများကြီး အများ ကြီး ရှိအုံးမှာ။ အခုလောလောဆယ် ဒီနှစ်နိုင်ငံကို အမေရိကန်က ဘာလို့ ၀င်စွပ်ဖက် နေလဲဆိုရင် စစ်ရေးအရ၊ နိုင်ငံရေးမဟာဗျူဟာအရ၊ စီးပွားရေးအရ အရေးကြီးလို့ သူ့နိုင်ငံအကျိုးစီးပွားအတွက် ၀င်တိုက်တာပဲ။ အကြမ်းဖက် နှိမ်နင်းရေးကိုအကြောင်းပြပြီးတော့ ဘင်လာဒင်ကို ဖမ်းမယ်ဆိုပြီးလေကွာ။ အခုထိ ဘင်လာဒင်ကို ဖမ်းကို မဖမ်းနိုင်သေးတာ။ ဘင်လာဒင်နေရာကိုသိလည်း ဖမ်းမှာမဟုတ်ဘူးထင်တယ်။ ဖမ်းလိုက်ရင် သူက အာဖဂန်ကနေ ထွက်ရတော့မယ်လေ။ ဒီနိုင်ငံတွေလည်း စစ်အင်အားကြီး၊ နည်းပညာအင်အားကြီးနိုင်ငံတွေ ကျူးကျော်ချင်တိုင်း ကျူးကျော်တာကို ခံရတာပဲ။ သေလိုက်တဲ့ပြည်သူတွေကလည်း ခုချိန်ထိ ထောင်ချီသောင်းချီကွာ ညီလေးရာ။ အကိုက ဘာကို ပြောချင်တာလဲဆိုတော့ မိမိနိုင်ငံစစ်အင်အားမရှိရင်၊ မိမိနိုင်ငံရဲ့တပ်မတော်မှာ စစ်သိပ္ပံနည်းပညာတိုးတက်မှု နောက်ကျနေရင်၊ ခေတ်မီတပ်မတော်မရှိရင် သူများလုပ်သမျှ နိုင်ငံရေးကစားကွက်ထဲမှာ ကစားတာကို ခံရမယ် ဆိုတာကိုပြောချင်တာ ညီလေးရ။ အကိုတို့က နိုင်ငံခြားမှာ ဘွဲ့လွန်တွေ တက်နေတော့ အကိုတို့ကိုယ်စား အကို တို့တာဝန်တွေကို ခြေလျင်မှာ ကျန်ခဲ့တဲ့ညီလေးတို့က ပိုပြီးတာဝန်ယူနေလို့ ပင်ပမ်းနေမယ် ဆိုတာ အကို သိပါတယ်ကွာ။     အခုခေတ်မှာက နည်းပညာတွေတိုးတက်တာက အရမ်းကိုမြန်တယ် ညီလေးရေ။ အသစ်ပေါ် တာမကြာသေးဘူး နည်းပညာအသစ်အသစ်က ထပ်ပေါ်နေပြီ။ အဓိကအကြောင်းရင်းက သတင်းနည်းပညာ တိုးတက်လာတော့ အချက်အလက်ပေးပို့မှုမြန်တယ်။ မြန်တော့ ရရှိလာတဲ့ သတင်းအချက်အလက်ပေါ်မူတည် ပြီး သူ့ထက်ကောင်းတဲ့ နည်းပညာကို ဖော်ထုတ်နိုင်တယ်လို့တော့ အကိုထင်တယ်။ ဒီလိုတိုးတက်လာတဲ့ နည်းပညာကို အရပ်ဘက်ဆိုင်ရာ တိုးတက်မှုမှာတင် သုံးတာ မဟုတ်ဘူး ညီလေးရေ။ စစ်ဘက်ဆိုင်ရာ လက်နက်တွေ၊ ယန္တရားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတွေကို အာကာ သနည်းပညာတွေနဲ့ပါ တွဲသုံးလာခြင်းပဲကွာ။ အဲဒီတော့ အရင်ကထက် ပိုပြီး ထိရောက်မှုပြင်းလာ တော့တာ ပေါ့ ကွာ။ နည်းပညာအားနဲတဲ့သူက လုံခြုံစိတ်ချရမှုအခွင့်အရေး နည်းလာတာပဲ ညီလေးရေ။ အကိုတို့ အမိမြန်မာ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးမှာ အကိုတို့စစ်သားတွေရဲ့ ခေတ်မီနည်းပညာ တတ်မြောက်မှုနဲ့ အကျွမ်းဝင်မှု၊ အမြဲပြောင်းလဲနေတဲ့ စစ်နည်းဗျူဟာအယူအဆတွေ၊ စစ်သိပ္ပံနည်းပညာကို အမြဲမပြတ်လေ့လာနေဖို့က တော် တော် အရေးကြီးတယ်ညီလေးရ။ အကိုက အကြီးကြီးပြောတယ် မထင်ပါနဲ့အုံး။ အကို ဥပမာလေးပြောပြမယ်။ အကိုတို့သင်ခဲ့ရတဲ့ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ ကွန်ပျူတာနည်းပညာတွေနဲ့ နိုင်ငံဘာသာစကားတွေဟာ ယနေ့ခေတ်စစ်နယ်ပယ်မှာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကိုလေ။ အကိုစဉ်းစားမိတာပေါ့ကွာ။ အခု  အကိုတို့ ရှေ့တန်းစစ်မြေပြင် တစ်နေရာပေါ့ကွာ။ အကိုတို့ထက် စစ်အင်အား၊ စီးပွားရေးအင်အားကြီးတဲ့ ရန်သူနဲ့ တိုက်နေပြီကွာ။ ရန်သူက စစ်လက်နက်နဲ့ ဆက်သွယ်ရေးနည်းပညာ သာနေပြီကွာ။ အကိုတို့က နောက် တန်းဌာနချုပ်ကို ဆက်သွယ်ရတော့မယ်။ အကိုတို့တပ်မတော်မှာသုံးနေတဲ့ အဆင့်မြင့်ဆုံး ဆက်သွယ်ရေးစက် နဲ့ သုံးပြီး သတင်းပို့မယ်ကွာ။ ရန်သူက ဘယ်လောက်ပဲ အင်တာလိုက်လို့မရဘူးပြောပြော နည်ပညာသာတဲ့သူ က လိုက်လို့ရတာပဲ။ အေ၀က်လို လေယာဉ်ကြီးကောင်းကင်မှာဝဲနေပြီး အကိုတို့ပြောသမျှကို အင်တာလိုက် မယ်၊ ဒေတာကို နောက်တန်းက မရအောင် ဖျက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲအချိန်မှာ လေ့လာခဲ့ရတဲ့ နည်းပညာ၊ အတွေ့အကြုံ၊ သင်တန်းက ပို့ချခဲ့တာတွေကို စဉ်းစားပြီးဆုံးဖြတ်တော့မယ်နော်။ သေချာတယ် ရန်သူကလည်း အကိုတို့ပို့တာကို အင်တာလိုက်မှာ။ မိမှာပဲ။ အဲဒါကို သိရမယ်လေ။ မသိပဲ စွတ်ပို့ရင် သတင်း ပေါက်မယ်လေ။ ဆိုက်ဖာနဲ့ပို့မယ်လို့ ပြောမယ်ဆိုရင် ရတယ်လေ။ ရန်သူမှာကကော အကိုတို့ဆီက ဆိုက်ဖာ ဖော်တာကို မရနိုင်ဘူးလား။ ညီလေးသိရင် အံ့ဩသွားမယ်။ အင်တာနက်ထဲမှာ အကိုတို့တပ်မတော်နဲ့ ဆိုင်တာ တွေ လုံခြုံရေးပေါက်နေတာ အများကြီး။ ဒါက စစ်မဖြစ်သေးဘူးနော်။ ရန်သူနိုင်ငံက တရားဝင်သတင်းစုပြီး တင်ထားတာလေးပဲ ရှိသေးတယ်။ သူမဖော်ပြတာတွေ ရှိအုံးမယ်။ ဒါက သူ့ဘက်က ထောက်လှမ်းရေး နည်းစ နစ်နဲ့ နည်းပညာ အားသာချက်ရှိနေပြီ။ အဲတော့ စက်နဲ့ပို့လို့ကမရဘူးဆိုတာ စဉ်းစားမိမယ်။ အဲတော့ ဖုန်းနဲ့ ဆိုရင်ကောလို့။ အင်း အဲဒါလည်း ရနိုင်ချေရှိတယ်လို့ စဉ်းစားလို့ရမယ်။ ဖုန်းက လွှင့်တဲ့ လှိုင်းလုံးက ဟိုက ဖမ်းမိအုံးမှာပဲ။ ဒါပေမဲ့ အရပ်သားပဲ သုံးသလားဆိုတာတော့ သူအရင်ခွဲခြားရမယ်။ ဒီလှိုင်းလုံးက အကိုတို့တပ် တည်ကနေ လွှင့်နေတယ်ဆိုရင် သေချာတယ် သူကမိမယ်။ မဖမ်းနိုင်ရင်တော့ နှောက်ယှက်လို့ရမယ်။ နောက်ဆုံးတော့ ရှေးရိုးနည်း ဆက်သားသုံးမယ်ကွာ။ ဒါကလည်း နောက်တန်းဌာနချုပ်က အဝေးကြီးဆိုရင် သတင်းနောက်ကျမယ်။ ဘာမှမဖြစ်ပဲ ရောက်ရင်တော့ စိတ်ချရမယ်ဆိုရင်တော့ သတင်းကတော့ လုံခြုံတာပေါ့ ညီလေးရာ။ အကိုတို့ကတော့ ရန်သူ့လောက်လည်း လက်နက်၊ ထောက်ပံ့ရေး၊ နည်းပညာ မသုံးနိုင်တာက လည်း သေချာတယ်။ အကိုတို့က မတတ်နိုင်လို့လည်း ဒို့တပ်မတော်ကကွာ ဆိုပြီး အပြစ်တင်စရာ အားငယ်စရာ မလိုဘူး။ နိုင်ငံစီးပွားရေးကောင်းရင် သူတို့လိုလည်း ဒို့တပ်မတော်ကို ဆင်နိုင်မယ်။ ဒီမှာတင် စီးပွားရေး အမြင်လေး တစ်ခုဝင်လာတယ်နော်။ အဲတော့ အကိုတို့က ခေတ်မီနည်းပညာနဲ့ အကျွမ်းဝင်မယ်၊ စစ်ဘက် နည်းပညာကို အဆက်မပြတ် လေ့လာဖတ်ရှုမယ်ဆိုရင်တော့ မိမိထက်အစစအရာရာသာလွန်တဲ့ ရန်သူနဲ့ ရင်ဆိုင်ပေမဲ့လည်း စောနကပြောတဲ့သတင်းကို ဌာနချုပ်ကို ရအောင်ပို့နိုင်မယ်။ ဘာလို့လည်းဆိုတော့ နည်းပညာတိုင်းမှာ အားနဲချက်တွေရှိတဲ့အတွက် အဲဒီအားနဲချက်ကို သုံးပြီး ဆက်သွယ်နိုင်လို့ပဲ။      
ဆက်လက်ဖေါ်ပြပေးပါမည်
 လေးစားစွာဖြင့်။
အကိုကြီး    ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်။်

No comments:

Post a Comment